မိုင်းဖြတ် ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ရောဂါကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည့် အချက်များကို ရှမ်း/ဗမာဘာသာဖြင့် ယမန်နေ့ ညနေက ဟိုနား(ရှမ်း/အာခါ)ကျေးရွာနှင့် ပါပူးကျေးရွာသို့ Hand Speakerဖြင့် အသိပညာပေး နိုးဆော်ခဲ့သည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်နှင့် ဝန်ထမ်းများ၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron)ရောဂါကူးစက်မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် များပြားလာခြင်း၊ အိုမီခရွန် မျိုးကွဲသစ်သည် မူလ ကိုဗစ်-၁၉ရောဂါနှင့် လုံးဝမတူတော့ခြင်း၊ ယခင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူများ ပြန်လည်ကူးစက်နိုင်ခြင်း၊ ရောဂါကူးစက်မှုမြန်ဆန်ခြင်းတို့ကို ရှမ်း/ဗမာ ဘာသာဖြင့် အသိပေးနိုးဆော်ခဲ့သည်။
ထို့နောက် ရောဂါကြိုတင်ကာကွယ် တားဆီးနိုင်ရေး နည်းလမ်းများဖြစ်သည့် လူစုလူဝေးရှောင်ရှားခြင်း၊ နေအိမ်အပြင်သို့ထွက်ပါက နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကို မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာမှနေထိုင်စကားပြောခြင်း စသည့် နည်းလမ်းများကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)