သတင်းများ

မှော်ဘီမြို့နယ်၊ အ.ထ.က (၁) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာအုပ်စာစောင်ပြပွဲကျင်းပ
Jan 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံး အားကစားပြိုင်ပွဲတွင် ဘုရင့်နောင်ရပ်ကွက်အသင်းနှင့် အင်ပင်ကျေးရွာ အသင်းတို့ ယှဉ်ပြိုင်ကစား
Jan 28,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံး အားကစားပြိုင်ပွဲကျင်းပ ယှဉ်ပြိုင်လျက်ရှိရာ ဘုရင့်နောင်ရပ်ကွက်အသင်းနှင့် အင်ပင်ကျေးရွာအသင်းတို့ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က မြို့နယ်အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည်။
၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တရုတ်နှစ်သစ်ကူး ပျော်ရွှင်ဖွယ်ချိုင်းနားတောင်းပွဲစျေးဖွင့်ပွဲ ကျင်းပ
Jan 28,2025
၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တရုတ်နှစ်သစ်ကူးပျော်ရွှင်ဖွယ် ချိုင်းနားတောင်းပွဲစျေးဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်နေ့ ညနေ ၅ နာရီတွင် ရန်ကုန်မြို့ လသာမြို့နယ် လမ်းမကြီးပေါ်၌ ကျင်းပရာ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဥက္ကာနှင့် တရုတ်ဘာသာရေးဘုံကျောင်းများမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တိုင်းရင်းသူများများက အကဖြင့်လည်းကောင်း၊ တရုတ်ဘာသာရေးဘုံကျောင်းမှ လူငယ်လေးများကခြ​င်္သေ့အကဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်မှုကို ကြည်ရူအားပေးကြသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jan 28,2025
မကွေးတိုင်းဒေသကြီး၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရပ်စောက်၌ စာသင်ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေး သိပညာ‌ပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်‌ရေး သရုပ်ပြပွဲကျင်းပ
Jan 28,2025
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးလောင်မှုနှင့်စပ်လျဉ်း၍ မီးလောင်မှု၏ သဘောသဘာဝများသိရှိနားလည်ပြီး ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နိုင်စေရန်နှင့် ဖြစ်ပွားလာပါ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်နိုင်ရန်၊ ကျောင်းသား/ကျောင်းသူများမှတစ်ဆင့် မီးသတ်ပညာရပ်များ ပြည်သူလူထုထံသို့ ပျံ့နှံစေရန်ရည်ရွယ်၍ ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ရေးသရုပ်ပြပွဲကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ဗထူး)၊ (ECE) ကိုယ်ပိုင်အထက်တန်းကျောင်းများ၌ ကျင်းပသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ(၁/၂၀၂၅) အစည်းအဝေး တက်ရောက်
Jan 28,2025
မကွေးတိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၅)အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ပခုက္ကူတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး)ဘော်လီဘောအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 28,2025
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး)ဘော်လီဘောအားကစားပြိုင်ပွဲ ဗိုလ်လုပ်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က အဆိုပါ တက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားရုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဇေယျာသီရိမြို့နယ်၌ တတိယအကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Jan 28,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ တတိယအကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ပြည်စံအောင်ရပ်ကွက်၊ ရတနာစံပရိယတ္တိစာသင်တိုက် ရတနာဘိမတဘိမာန်တော်ကြီး၌ ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။