သတင်းများ

မိုးနဲမြို့နယ်၌ ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချသည့် ဆိုင်များအား သတ်မှတ်ရည်ညွှန်း စျေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး
Jan 28,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ဓာတ်မြေသြဇာ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့်ဆိုင်များအား ဒေသအလိုက် သတ်မှတ်ရည်ညွှန်း စျေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိကို မြို့နယ်ယူရီးယား ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီမှ တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီ အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်း သိရသည်။
လက်ပံတန်း၌ ကျောင်းတွင်းအာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု ရင်သွေးငယ်များအား အာဟာရကျွေးမွေး
Jan 28,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပညာရေးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းတွင်းအာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု ရင်သွေးငယ်များအား အာဟာရကျွေးမွေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အ.ထ.က (၃) မူလတန်းကြိုကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယုမြို့၌ ဆရာတော် ဦးခန္တီကော၏ သက်တော် (၃၅)နှစ်၊ ဝါတော်(၁၁)ဝါပြည့် ဝိဇတမွေးနေ့အလှူမင်္ဂလာပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Jan 28,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်ကျိုင်းကျေးရွာအနီးတွင် တောရသီတင်းသုံးတော်မူနေသည့် ဆရာတော် ဦးခန္တီကော၏ သက်တော် (၃၅)နှစ်၊ ဝါတော်(၁၁)ဝါပြည့် ဝိဇတမွေးနေ့အလှူမင်္ဂလာပွဲကို ယမန်နေ့က အဆိုပါကျေးရွာအနီးရှိ ဆီလီကြွမ်းခမ်းဘုန်းကြီးကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
နတ်မောက်မြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 28,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်မရောမြို့နယ်၌ ကျောင်းတွင်းအာဟာရများ ကျွေးမွေး
Jan 28,2025
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာမူလတန်း (လွန်) ကလိုင်းကနိုင်ကျောင်းနှင့် အမှတ် (၆) မူလတန်းကျောင်းတို့၌ ကျွေးမွေးခဲ့သည်။
ချောက်မြို့၌ ကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်
Jan 28,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ အသက် (၁) နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်‌နေ့နံနက် ၉ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေး‌စောင့်ရှောက်ရေးအသင်းရုံး၌ ပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်း ကြပ်မတ်ဆောင်ရွက်
Jan 28,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်း သက်သာစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးရောင်းဈေးဝယ် ပြည်သူများကို ပလတ်စတစ်သုံးစွဲမှု လျော့ချရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ဖြင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်း ဖွင့်လှစ်
Jan 28,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ဖြင့် မြန်မာနိုင်ငံအပူပိုင်းဇုန်တွင် သီးနှံများ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်စေသည့် အကြောင်းအရင်းများကို လေ့လာစမ်းစစ်ခြင်းစီမံကိန်းဖြင့် မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် “စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်း”ကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန သိမ်ကုန်းနည်းပညာပြန့်ပွားရေးစင်တာဝင်းအတွင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။