သတင်းများ

စစ်ကိုင်းမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်
Jan 27,2025
စစ်ကိုင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှကြီးမှူး၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း(၁/၂၀၂၅)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကျင်းပ
Jan 27,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင်  (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုချစ်ကြည်ရေး အသက် ၁၅ နှစ်‌အောက် ဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက အခြေခံသပညာအထက်တန်းကျောင်း ကံချိုင် ဘောလုံးကွင်းဝန်းအတွင်း  ကျင်းပပြုလုပ်သည်။
ကော့ကရိတ်မြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကျပန်းစကား‌ပြော ပြိုင်ပွဲများ ကျင်းပ
Jan 27,2025
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကျပန်းစကား‌ပြောပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Jan 27,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်ပြည်သူ့အားကစားကွင်း၌ ယမန်နေ့‌မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်ခရိုင်လုံးဆိုင်ရာ ကျောင်းတိုက်အသီးသီးမှ စာဖြေ၊စာပြန်သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်း
Jan 27,2025
(၃၈)ကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဝိနယဓမ္မ စာဖြေ၊ စာပြန်ပွဲတော်ကို ပုသိမ်မြို့၊ မြောင်းမြကျောင်းတိုက်တွင် ယခုလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပလျက်ရှိရာ စာဖြေ၊ စာပြန်ပွဲတော်သို့ ကြွရောက်တော်မူလာကြသည့် ကျောင်းတိုက်အသီးသီးမှ သံဃာတော် အရှင်သူမြတ်များသည် စာဖြေ၊ စာပြန်ပွဲတော် ပြုလုပ်နေစဉ်အတွင်း ပုသိမ်မြို့တွင်းရှိ ရပ်ကွက်များတွင် ယနေ့နံနက်ပိုင်းက ဆွမ်းဆန်စိမ်းအလှူ ခံယူတော်မူကြရာ စေတနာရှင် အလှူရှင်များက ကြည်ညိုသဒ္ဒါတရားထက်သန်စွာဖြင့် ဆွမ်းဆန်တော်များ၊ လှူဖွယ်ပစ္စည်းများ လောင်းလှူခြင်းနှင့် ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
တနင်္သာရီမြို့၏ သမိုင်းဝင်ပြည်လုံးချမ်းသာဝင်္ကဘာတောင် မဟာသန္တိသုခကျောင်းတိုက်၌ မွေးနေ့အထူးတရားပွဲကျင်းပ
Jan 27,2025
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၏ကျက်သရေဆောင် သမိုင်းဝင် ပြည်လုံးချမ်းသာဝင်္ကဘာတောင် မဟာသန္တိသုခဝင်္ကဘာကျောင်းတိုက် ဆရာတော်အရှင်ဥက္ကံသ၏ နှစ်ပတ်လည်အလှူနှင့် လက်ရှိ ဦးစီးပဓာနဆရာတော် အရှင်အာန္န၏ နှစ်(၄၀)ပြည့် ဝိဇာတမွေးနေ့အထိမ်းအမှတ် အထူး တရားပွဲမင်္ဂလာ အခမ်းအနားကို ၁၃၈၆ခုနှစ်၊ ပြာသိုလဆုတ်(၁၃)ရက် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်မှ ၁၁ နာရီအထိ ဝင်္ကဘာတောင် ရန်အောင်မြင်စေတီအထက်ပစ္စယံရှိ ပြည်လုံးချမ်းသာ ဓမ္မာရုံအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အောင်မြေသာစံမြို့နယ်တွင် စဉ်ဆက်ပညာရေးလုပ်ငန်း တိုင်းအဆင့်နည်းပြသင်တန်းဖွင့်လှစ်
Jan 27,2025
ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် စဉ်ဆက်ပညာရေးလုပ်ငန်း တိုင်းအဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်း အနားကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်ရှိ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းရှိ အေးသီတာခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ငပုတောမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကျင်းပ
Jan 27,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို (အ.ထ.က-ငပုတော) ကျောင်း၌ ယမန်‌နေ့ နံနက်(၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။