တပ်ကုန်းမြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံး အားကစားပြိုင်ပွဲတွင် ဘုရင့်နောင်ရပ်ကွက်အသင်းနှင့် အင်ပင်ကျေးရွာ အသင်းတို့ ယှဉ်ပြိုင်ကစား

တပ်ကုန်း ဇန်နဝါရီ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံး အားကစားပြိုင်ပွဲကျင်းပ ယှဉ်ပြိုင်လျက်ရှိရာ ဘုရင့်နောင်ရပ်ကွက်အသင်းနှင့် အင်ပင်ကျေးရွာအသင်းတို့ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က မြို့နယ်အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ဘုရင့်နောင်ရပ်ကွက်အသင်းက အင်ပင်ကျေးရွာအသင်းကို ခြောက်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ ဘုရင့်နောင်ရပ်ကွက်အသင်းနှင့် အင်ပင်ကျေးရွာအသင်းယှဉ်ပြိုင်ပွဲ တစ်လျှောက်လုံး အကောင်းဆုံး အားကစားသမားဆုကို ဘုရင့်နောင်ရပ်ကွက်အသင်းမှ ကျောနံပါတ် ၁၇၊ အလယ်ဝင်းအားကစားသမား မောင်ကောင်းခန့်ရှင်းက ရရှိခဲ့ပြီး ဆုတံဆိပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးအားကစားပြိုင်ပွဲ ဆပ်ကော်မတီဝင် ဦးမိုးမင်းဦးက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်