သတင်းများ

မြောင်းမြတွင် ဆောင်းသီးနှံစိုက်ပျိုးစရိတ်များ ထုတ်ချေးပေးလျက်ရှိ
Jan 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်(၁၀)နာရီတွင် ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရပါသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးစစ်ဆေးဆောင်ရွက်
Jan 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာစေရေးအတွက် ယနေ့နံနက်  (၉) နာရီက၊ ရွှေပေါက်ကံတံတားထိပ်တွင် ယာဉ်စစ်ဆေးခြင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့၌ ပထမဦးဆုံး တည်ဆောက်သည့် ရေဂါလံတစ်သိန်းဆံ့ရေစုကန် ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး
Jan 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ပထမဦး ဆုံး ရေဂါလံတစ်သိန်းဆံ့ ရေစုကန်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)မှ (၂၁-၁၁-၂၀၂၁)ရက်နေ့က စတင်၍ ရန်ကုန် မြို့တော်ခန်းမအတွင်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်၊ ရပ်ကွက်နေပြည်သူများနှင့် ရဟန်း သံဃာများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jan 26,2022
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ စမ်းချောင်း​မြို့နယ်၊ မုန့်လုပ်​ဆောင်းကုန်း/တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက( ၁ ) ကျောင်း၀င်းအတွင်း တွင် ယမန်နေ့နံနက် (၉:၀၀) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ၁၃ ရက်မြောက်နေ့ ဒုတိယအကြိမ် (phase6)ကာကွယ်ဆေး ထိုးနှံသူစုစုပေါင်း(၂၂၁)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
မအီမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုးကာကွယ်နိုင်ရေး လိုက်လံ အသိပညာပေး နှိုးဆော်
Jan 26,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုးအကြောင်း ပြည်သူများ သတိပြုသိရှိလိုက်နာစေရန်အတွက် ယနေ့ ညနေ ၃ နာရီက မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ လှည့်လည် အသိပညာပေးနှိုးဆော် ခဲ့ကြသည်။
စစ်ကိုင်းပညာရေး တက္ကသိုလ်ရှိ ဝန်ထမ်းများအား မွန်းမံသင်တန်းဖွင့်
Jan 26,2022
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် စီမံ၊ ဘဏ္ဍာ၊ သင်တန်း၊ စာပေးစာယူ၊ အင်ဂျင်နီယာ ဌာနနှင့် စာကြည့်တိုက် တို့မှ အမှုထမ်းများအား မိမိတို့၏လုပ်ငန်းတာဝန်များ ကျေပွန်စွာထမ်း ဆောင်နိုင်ရန် မွန်းမံသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၈)နာရီက အဆိုပါတက္ကသိုလ်ရှိ Theatre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်၌ Mobile ​စျေးကားများဖြင့် ပြည်သူများအတွက်စားသုံးကုန်များ ​စျေးနှုန်းချိုသာစွာ​ရောင်းချ​ ပေးလျက်ရှိ
Jan 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ မြန်မာနိုင်ငံ ဆန်စပါးအသင်း၏ စီစဉ်မှုဖြင့် ပြည်သူများဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယမန်နေ့ နံနက် (၈)နာရီ အချိန်က အမှတ်(၈)ရပ်ကွက်၊ ဘူတာရုံလမ်းတွင် Mobile​စျေးကား များဖြင့် ​စားသုံးကုန်များ လာ​​ရောက်ရောင်းချ​ပေးလျက်ရှိသည်။
ပြင်စလူမြို့တွင် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်
Jan 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍  ယနေ့ နံနက်(၉) နာရီအချိန်ကစိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး  Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။