သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်
Jan 25,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများဥပဒေနှင့်အညီနိုင်ငံသား စိစစ်ရေးကတ်ပြား များ ကိုင်ဆောင်ခွင့်ကိုရရှိစေရန် ရည်ရွယ်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ၂၀၂၁-ခုနှစ်မေလ(၃)ရက်နေ့မှစတင်ကာ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီတွင် သာကေတမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဦးစီအရာရှိဦးသန်းဦး မှဦးဆောင်၍ ၄/တောင် ရပ်ကွက် သာသနာဝေပုလ္လဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေး ခဲ့သည်။