မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ အင်းကုန်းကျေးရွာတွင် တောင်သူ ပညာပေးသင်တန်းကို ယမန်နေ့ မွန်းလွဲ (၂) နာရီ အချိန်ခန့်က ကျေးရွာအုပ်ချုပ်ရေးမှုးရုံး၌ ဖွင့်လှစ်ခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှုး ဒေါ်စန္ဒာစိုးက တောင်သူများ စိုက်ပျိုးရေး နည်းစနစ်များ စိုက်နည်းစနစ် မှန်ကန်စွာစိုက်ပျိုးနိုင်ရေး ဆွေးနွေးပြောကြား ခဲ့သည်။
နတ်မောက်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ နွေရာသီ နတ်မောက်ဆည်ရေသောက်မှ နွေစပါးဧက (၅၆၅) ဧက လျာထားသတ်မှတ် စိုက်ပျိုးသွားမည်ဖြစ်ပြီး နွေစပါးစိုက်ပျိုးမည့်ကျေးရွာများသို့ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများက တောင်သူပညာပေး သင်တန်းများဖွင့်လှစ်၍ နွေစပါးအထူး အထွက်နှုန်းတိုးတက်ရေး နည်းပညာများ ဖြန့်ဝေပို့ချလျက်ရှိရာ သင်းတန်းသို့ တောင်သူ (၃၀) ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
သင်သင်းမြတ်