ရွှေဘို ဇန်နဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေး သူများအား ပဉ္စမအသုတ်(ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကျေးရွာများ အရောက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံက သိရသည်။
ထို့သို့ ပဉ္စမအသုတ်(ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ အနီးကပ်ကြီးကြပ်၍ အသက်(၁၈)နှစ်အထက်၊ နိုင်ငံဝန်ထမ်းများ၊ ဘုန်းကြီး/သီလရှင်/ဘာသာရေးကျောင်းများ၊ ဈေးသူ/သားများ၊ မသန်စွမ်းများနှင့် ပုဂ္ဂလိကစက်ရုံအလုပ်ရုံမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်သည်။
အဆိုကာကွယ် ဆေးထိုးခြင်းကို ဇီးကုန်းလေးကျေးရွာ စိုက်ပျိုးရေးစခန်း၊ ရွာမိဿကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲ၊ စည်သာကျေးရွာဘုန်းကြီးကျောင်းနှင့် ပိတောက်ခေါင်းကျေးရွာ ဘုန်းကြီးကျောင်းတို့တွင် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာခြင်းများ ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)