ငရုတ်ကောင်း ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်သည့် ဝါဒဖြန့်မှုများတွင် ပြည်သူများအနေဖြင့် ပါဝင်ပတ်သတ် ခြင်းမရှိစေရန် ယမန်နေ့ ညနေ ၅ နာရီက မြို့ပေါ်ရပ်ကွက်များ အတွင်း လှည့်လည်အသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပေးနှိုးဆော်ခြင်းကို ငရုတ်ကောင်းမြို့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ မြို့တွင်းသို့လှည့်လည်၍ အကြမ်းဖက်အဖွဲ့အစည်းများမှ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် (Silence Strike) ပြုလုပ်ရန်နည်းမျိုးစုံဖြင့် ဝါဒဖြန့်မှုများတွင် ပြည်သူများအနေဖြင့် လိုက်ပါပြုလုပ်ခြင်း မပြုလုပ်ကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း လှည့်လည်အသိပေး နှိုးဆော်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)