ကသာမြို့၌ ရပ်ကွက်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

ကသာ ဇန်နဝါရီ ၂၇

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကသာမြို့ရှိ တောင်ပေါ်ကျောင်း၌ ရပ်ကွက်အတွင်းရှိ ပြည်သူများအား ယမန်နေ့ နံနက်()နာရီအချိန်မှစ၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ် ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကသာမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်နှင့် ဝန်ထမ်းများက ရပ်ကွက်အတွင်းရှိ အသက်(၁၀)နှစ်နှင့် အထက်ရှိသည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်ခြင်း၊ လဲလှယ်ခြင်းနှင့် ပျက်စီးပျောက်ဆုံးသူများအား မိတ္တူထုတ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကသာမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကလည်း ကြည့်ရှုကြီးကြပ် ဆောင်ရွက်ပေးကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)