ညောင်ဦး ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် ၈ နာရီခွဲက ခရိုင်ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်းခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က ကျောင်းသားကျောင်းသူများ အနေဖြင့်ပြင်ပ ဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေများဖတ်ရှုခြင်း၊ ကဗျာရေးသားနည်းစာအုပ်၊ ဆေး ရောင်ခြယ်စာအုပ်များလေ့လာပြီး အထိမ်းအမှတ်နေ့များတွင် ပြိုင်ပွဲအမျိုးမျိုးကျင်းပပေး လျှက်ရှိရာ စာအုပ်၊ စာပေမျိုးစုံ ဖတ်ရှုထားခြင်းဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာ ပေများပါ ဗဟုသုတရရှိစေကြောင်း ယခုလည်း ကျောင်းသား/ ကျောင်းသူများအား ကဗျာ ရွတ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ ဆက်လက်ကျင်းပရာ ကျောင်းသား/ကျောင်းသူ (၂၅) ဦး ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့်ကျောင်းသားကျောင်းသူ များအားဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD