တန့်ယန်းမြို့နယ်တွင် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေးနေ
Feb 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ''လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ဆောင်စို့'' ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများ က အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ် ဆောင်ရွက်ပေးခြင်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့က အမှတ်(၂) ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြသည်။