မံစီ ဖေဖော်ဝါရီ ၃
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့ ကောင်ရာရပ်ကွက်ရှိ မန်ချက်စတာ(မြက်ခင်းတု) ဖူဆယ် ဘောလုံးအားကစားကွင်း၌ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီက စတင် ယှဉ်ပြိုင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် မံစီမြို့နယ်အတွင်းမှ အားကစားသမားများက ပါဝင်ယှဉ်ပြိုင်ကြပြီး စုစုပေါင်းပြိုင်ပွဲဝင်အသင်း၂၀ သင်းရှိရာ အုပ်စု တစ်စုလျှင်အသင်း ၅ သင်းစီဖြင့် အုပ်စု ၄ အုပ်စု ခွဲ၍ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲကို လာမည့် ဖေဖော်ဝါရီ ၁၂ ရက် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ဆုများအသီးသီးချီးမြှင့်သွား မည်ဖြစ်ကြောင်းလည်း သိရသည်။
(မြို့နယ်ပြန်/ဆက်)