သက်ကြီးဘိုးဘွား(၉၅၇)ဦးအား လူမှုရေးပင်စင်(၂၈၇)သိန်းကျော် ထောက်ပံ့ပေးအပ်
Feb 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်(အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာ)လအတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းကအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။