မအူပင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း ပေးအပ်ပွဲဆောင်ရွက်
Feb 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် နိုင်ငံသားတိုင်း နိုင်ငံသားကတ် ကိုင်ဆောင်ရန်နှင့် လူဦးရေနှင့်အိမ်ထောင်စုစာရင်းများအား နိုင်ငံသား မိသားစုတိုင်း သတ်မှတ်စည်းကမ်းများနှင့်အညီ ကိုင်ဆောင်ထားရှိနိုင်ရန် ပန်းခင်းစီမံချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မအူပင်မြို့နယ် ဦးစီးရုံး မြို့နယ်ဦးစီးမှူး ဦးခင်မောင်အေးနှင့် ဝန်ထမ်းများက တလုတ်လပ်အရှေ့ကျေးရွာအုပ်စု၊ ဇောယျာ သိဒ္ဓိသိမ်ကျောင်းတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီကကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။