မြစ်သား ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် (၇၉) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား၊ ကျောင်းသူများသည် ဇူလိုင် ၁၄ ရက် နံနက် ၉ နာရီအချိန်က အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ကျင်းပခဲ့သည်။
အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများ အထက်တန်း စာစီစာကုံးပြိုင်ပွဲတွင် “မျက်ရည်မိုးဖြိုင် ၁၉ ဇူလိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းစာစီစာကုံး ပြိုင်ပွဲတွင် “ပြည်သူလွမ်းသည်အာဇာနည်” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ မူလတန်းတန်းစာစီစာကုံးပြိုင်ပွဲ တွင် “အာဇာနည်နေ့တို့မမေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းကဗျာပြိုင်ပွဲတွင် “မမေ့အပ်သည် အာဇာနည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်း ကဗျာပြိုင်ပွဲတွင် “အာဇာနည်မြတ်မမေ့အပ်” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ပန်းချီပြိုင်ပွဲတွင် “အလေးပြုအပ်သည် အာဇာနည်” ခေါင်းစဉ်များဖြင် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၈၃ ဦးတို့ ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရကျောင်းသား၊ ကျောင်းသူများကို ဆုများအသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)