သံဖြူဇရပ် ဇူလိုင် ၁၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဇူလိုင် ၁၀ ရက်နေ့၌ မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း ပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင် ၁၄ ရက်မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ဘုရင့်နောင်)ခန်းမ၌ ပြုလုပ်သည်။
အဆိုပါပျက်စီးဆုံးရှုံးခဲ့သည့် အောင်ဇေယျရပ်ကွက်မှ လုံးဝပျက်စီးသည့် လူနေအိမ်(၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးသည့် လူနေအိမ်(၃၁)လုံးနှင့် အောင်ကုသိုလ်ရပ်ကွက်မှ လုံးဝပျက်စီးသည့်လူနေအိမ်(၃)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးသည့် လူနေအိမ်(၅၆)လုံး၊ ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း၊ သီလရှင်ကျောင်း(၁)ကျောင်း၊ စုစုပေါင်း လုံးဝပျက်စီးသည့် လူနေအိမ်(၅)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး သည့်လူနေအိမ်(၈၇)လုံး၊ ဘုန်းတော်ကြီးကျောင်း(၂) ကျောင်းနှင့် သီလရှင်ကျောင်း(၁)ကျောင်းမှ လူဦးရေ (၄၂၆) ဦးအတွက် ဆန်ရိက္ခာတန်ဖိုးငွေ (၂၁၃၀၀၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ(၃၅၅၀၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၆၈၀၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေပစ္စည်း(၁၆)မျိုးတန်ဖိုးငွေ (၅၃၈၃၉၀)ကျပ်တို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဦးစီးမှူးနှင့် မြို့နယ်သူနာကြက်ခြေနီတပ်ဖွဲ့မှူးတို့က လေဘေးသင့်ပြည်သူများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)