သတင်းများ

ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့တို့မှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာ​ပေးကွင်းဆင်းဆောင်ရွက်
Jan 20,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသူ၊ ကျောင်းသားများအား စာဖတ်ရှိန်မြင့်မားပြီး အသိပညာဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က တောင်နန်ချွန်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်​ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား
Jan 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယနေ့နံနက် ၈ နာရီ ၄၈ မိနစ်အချိန်က (က)ရပ်ကွက်၊ မေယု(၅)လမ်း၊ အမှတ်(၁၅၀)အကျယ်အဝန်း ၂၀ × ၆၀ ပေ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း(၂)ထပ် အဆောက်အအုံ အောက်ထပ် ၂၀ × ၈ ပေ နောက်ဖေးအဖီမီးဖိုချောင်တွင် ထမင်းချက်၍ မီးကြွင်းမီးကျန် ကျန်ပြီး အနီးရှိပလတ်စတစ်အမှိုက်ပုံးသို့ မီးကူးစက်၍  မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ် သမဝါယမအသင်းစုမှ နွေစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jan 20,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် သမဝါယမအသင်းစုမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသော အသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။
ကျိုက်လတ်၌ Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Jan 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များအား Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ကြို့ပင်ကောက်မြို့တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြာပွဲကျင်းပ
Jan 20,2025
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြာပွဲကို ယနေ့နံနက်ပိုင်းကကျင်းပခဲ့ကြောင်း သိရသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(ကျိုက်လတ်)၏ ဆောင်းရာသီအားကစားပွဲတော်နှင့် ပဉ္စမအကြိမ် မေဂျာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Jan 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြည်သူ့အားကစားကွင်းတွင် ဇန်နဝါရီလ ၁၉ ရက်၊ ညနေ (၅)နာရီက အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၏ ဆောင်းရာသီ အားကစားပွဲတော်နှင့် ပဉ္စမအကြိမ် မေဂျာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရရှိစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Jan 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှတစ်ဆင့် အသိပညာ၊ ဗဟုသုတတိုးပွားရရှိစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်၍  နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပန်းပင်‌ချောင်ရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းနှင့် ခနောင်တိုအရှေ့ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှဆောင်ရွက်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၆၆/၁၁ ကေဗွီ၊ ၁၅ အမ်ဗွီအေ ထရန်စဖော်မာ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းအား ကြည့်ရှုစ်ဆေး
Jan 20,2025
ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုစနစ်တွင် ရေရှည်တည်တံ့ခိုင်မြဲ၍ နှစ်ပေါင်းများစွာ ဓာတ်အား စဉ်ဆက်မပြတ်ရရှိစေရေး ရည်ရွယ်ချက်ဖြင့် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ၆၆ ကေဗွီ ထားဝယ်ဓာတ်အားခွဲရုံတွင် ဆောင်ရွက်လျက်ရှိသည့် ၆၆/၁၁ ကေဗွီ၊ ၁၅ အမ်ဗွီအေ ထရန်စဖော်မာ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းအား တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် ဝန်ကြီးများက ကြည့်ရှုစစ်ဆေးသည်။