သတင်းများ

ဝေါမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသော သမဝါယမအသင်းသား တောင်သူများသို့ သွင်းအားစုပေးအပ်ပွဲကျင်းပ
Jan 20,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသော သမဝါယမအသင်းသား တောင်သူများသို့ သွင်းအားစုပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီက ပြုလုပ်ကျင်းပသည်။
လက်ပံတန်း၌ အသက်တစ်နှစ်မှ ငါးနှစ်အတွင်းကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး
Jan 20,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ Big Catch -Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက လက်ပံတန်းပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
ကျိုက်မရော၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jan 20,2025
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ဘိန်းဗျော ကျေးရွာမူလတန်းကျောင်း၌ပြုလုပ်သည်။ ဟော​ပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ကျောင်းသားလူငယ်များအသိပညာဗဟုသုတတိုးတက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံ၍ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရန် ဟောပြောပွဲများ နံရံကပ်စာစောင်ပြပွဲများ ကျင်းပရခြင်း ဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာကြည့်တိုက်များ အသုံးပြုတတ်စေရန် စာပေ၏ အကျိုးကျေးဇူးများကို ရှင်းလင်းဟောပြောသည်။
ရွှေပြည်သာမြို့နယ်၌ (၇၈)နှစ်‌မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာစီစာကုံး၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Jan 20,2025
ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်‌မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာရွတ်၊ ဉာဏ်စမ်း၊ ပုံပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။
ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 20,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊  အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက  အဆိုပါကျောင်းဝင်းအတွင်း ကျင်းပခဲ့သည်။
ဘုတ်ပြင်းမြို့နယ်အတွင်း ဘုတ်ပြင်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား (Biometric Data)  ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်း ဆောင်ရွက်
Jan 20,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား ဇီဝဆိုင်ရာအချက် အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ဇန်နဝါရီလ ၂၀ ရက်နေ့က ဘုတ်ပြင်းကျေးရွာအုပ်စုအတွင်း ကရိုင်တိုင်ကျေးရွာ ကျေးရွာပိုင်အဆောက်အဦ၌ ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၉/၂၀၂၄) သင်တန်းဖွင့်
Jan 20,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၉/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အမှတ်(၁၁) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင် ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှုး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မိုင်းခတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များ ပြသ
Jan 20,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကျောင်းသား၊ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးစာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွှဲ ၁ နာရီအချိန်က မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြသခဲ့သည်။