ဘိုကလေးမြိုနယ်အတွင်းရှိ ကျေးရွာများတွင် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်
Jan 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အေရာ ကျေးရွာအုပ်စုတွင် ဇန်နဝါရီ (၂၀)ရက်နေ့က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သဖြင့် ကျေးရွာများတွင် မီးလောင်မှုမရှိစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးနှင့်ပတ်သတ်သော အသိပညာများ ကျေးရွာနေပြည်သူများ သိနားလည်စေရေးတို့အတွက် ဇန်နဝါရီ(၂၁)ရက်နေ့ စတင်ကာ ဘိုကလေးမြို့နယ် စက်ဆန်းနယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး၊ ဦးသက်ဆွေနှင့်အဖွဲ့၊ ကဒုံကနိနယ်မြေ မီးသတ်စခန်းမှ တပ်ကြပ်ကြီးလှမျိုးနှင့်အဖွဲ့တို့က ၎င်းတို့နယ်မြေ အပိုင်အတွင်းမှ ကျေးရွာများအား နေ့စဉ်ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။