သတင်းများ

ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်
Jan 22,2025
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းပြီး စာရေးဆရာ ခင်ဆွေဦး၏ “အင်ကြင်းရဂုံ” စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊အမျိုးသမီးဘောလုံး(ဂိုးလတ်)ပြိုင်ပွဲ ကျင်းပ
Jan 22,2025
ကျောင်းသား/ကျောင်းသူများ ကာယ၊ဉာဏ၊စာရိတ္တ ဘက်စုံဖွံ့ဖြိုးကျန်းမာသန်စွမ်းသည့် အနာဂတ်မျိုးဆက်သစ်များပေါ်ထွက်လာစေရန်၊ မြို့နယ်အားကစားအဆင့်အတန်းမြင့်မားလာစေရေး အထောက်အကူဖြစ်စေရန်၊ အားကစားကဏ္ဍကို စိတ်ပါဝင်စားလာ‌စေရန်၊ မိမိကျောင်း၊ မြို့နယ်၊ နိုင်ငံဂုဏ်ဆောင် ထူးချွန်ထက်မြက်သော အားကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးဘောလုံး(ဖူဆယ်)ပြိုင်ပွဲကို ယမန်နေ့ ညနေက မြို့မအားကစားကွင်းတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရပ်ကွက်များအတွင်း ကွင်းဆင်းစစ်ဆေး
Jan 22,2025
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် မီးသတ်ဦးစီးဌာနကြီးမှူး၍ မြို့နယ်အတွင်း မီးလောင်မူ၊ မီးလန့်မူမဖြစ်ပွားစေရေးနှင့် ဖြစ်ပွားလာပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးတို့အတွက် ရပ်ကွက်အတွင်း လျှပ်စစ်မီးကြိုးများစစ်ဆေးခြင်း၊ မီးငြှိမ်းသတ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိမှုတို့ကို ယနေ့နံနက် (၉)နာရီက ရမည်းသင်းမြို့ မြို့မရပ်ကွက်ကြီး၊ ပန်းတိမ်ရပ်ကွက်အတွင်းကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Jan 22,2025
မန္တ‌လေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်များအသိပညာဗဟုသုတကြွယ်ဝစေပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ဆွေးနွေးပွဲများတွင် ပါဝင်တတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ရမည်းသင်းမြို့ သိမ်းကုန်းအခြေခံပညာအထက်တန်းကျောင်း၌  ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jan 22,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆောင်းသီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုလကျေးရွာ၌ စိုက်ပျိုးထားသည့် ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးမှ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားတက်ရောက်
Jan 22,2025
ကရင်ပြည်နယ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သော တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ပညာပန်းဝတ်မှုန်ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
ဝမ်းတွင်းမြို့ပေါ်ရပ်ကွက်များရှိလူနေအိမ်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းအကြံပြုစစ်ဆေးခြင်းများ ဆောင်ရွက်
Jan 22,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းအကြံပြုစစ်ဆေးခြင်းများကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းဦးဆောင်၍တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့သည်။
တနိုင်းမြို့နယ် မူလွန်-ပုန်ခုန်းကျောင်း၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ
Jan 22,2025
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့ရှိ တနိုင်းမူလွန်-ပုန်ခုန်းကျောင်း၌ ယမန်နေ့နံနက်(၉) နာရီခွဲက (၂၀၂၄-၂၀၂၅) ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။