တနိုင်းမြို့နယ် မူလွန်-ပုန်ခုန်းကျောင်း၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

တနိုင်း ဇန်နဝါရီ ၂၂

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့ရှိ တနိုင်းမူလွန်-ပုန်ခုန်းကျောင်း၌ ယမန်နေ့နံနက်(၉) နာရီခွဲက (၂၀၂၄-၂၀၂၅) ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းက အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူ များနှင့်အတူ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်း အနားကို ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများက စုံညီပွဲတော်သီချင်းဖြင့် သီဆိုဖျော်ဖြေ ကြသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ရီရီဝင်းနှင့် မူလွန်-ပုန်ခုန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အေးလွင်တို့က ပွဲတော်ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ အသီးသီးပြောကြားခဲ့ကြပြီး ပညာရေးစုံညီ ပွဲတော်အတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။

ထို့နောက် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် စာပေနှင့် ဖွံ့ဖြိုးရေးထူးချွန်ဆုရရှိသူများ၊ အတန်းအလိုက် ဆုရရှိသူများ၊ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများ၊ စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် ထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြင့်ခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူလေးများ၏ တေးသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

နေလင်းထူး(ပြန်/ဆက်)