ဝမ်းတွင်း ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းအကြံပြုစစ်ဆေးခြင်းများကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းဦးဆောင်၍တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့သည်။
ဝမ်းတွင်းမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် ပြည်သူများရဲ့အသက် အိုးအိမ်စည်းစိမ်များပျက်ဆီးဆုံးရှုံးမှုမရှိစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ မီးသတိမူရေး၊ စစ်ဆေးအကြံပြုခြင်းများနှင့် မီးသတ်ဆေးဗူးအသုံးပြုပုံများကို မြို့ပေါ်ရပ်ကွက်များရှိလူနေအိမ်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ၌ အသိပညာပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းထံမှ သိရသည်။
ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး အသိပညာပေးစစ်ဆေး အကြံပြုခြင်းများကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်