ကောင်းစုစံပညာ့ရိပ်မွန်ကိုယ်ပိုင်အထက်တန်းကျောင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ
Jan 22,2025
ကျောင်းသား၊ ကျောင်းသူများကို ပညာရေး၊ ကျင့်ဝတ်၊ စာရိတ္တ၊ ဘက်စုံတိုးတက်ပြီး နိုင်ငံတကာအဆင့်မီပညာရေးစံနှုန်းများနှင့်အညီ လူတော်၊ လူကောင်း၊ ပညာရှင်များအဖြစ် ပေါ်ထွက်စေရန်ရည်ရွယ်၍ ကောင်းစုစံပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)တွင် ကျင်းပသည်။ အဆိုပါဆုပေးပွဲအခမ်းအနားသို့ ကောင်းစုစံပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းစီမံအုပ်ချုပ်သူကျောင်းအုပ်ဆရာကြီး ဦးမြသန်းနှင့် ဆရာဆရာမများ ဖိတ်ကြားထားသော ဆရာကြီး၊ ဆရာမကြီးများ၊ ဆုရကျောင်းသား ကျောင်းသူများနှင့် မိဘများဖိတ်ကြားထားသူများ တက်ရောက်ကြသည်။