ရမည်းသင်း ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် မီးသတ်ဦးစီးဌာနကြီးမှူး၍ မြို့နယ်အတွင်း မီးလောင်မူ၊ မီးလန့်မူမဖြစ်ပွားစေရေးနှင့် ဖြစ်ပွားလာပါက လျှင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးတို့အတွက် ရပ်ကွက်အတွင်း လျှပ်စစ်မီးကြိုးများစစ်ဆေးခြင်း၊ မီးငြှိမ်းသတ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိမှုတို့ကို ယနေ့နံနက် (၉)နာရီက ရမည်းသင်းမြို့ မြို့မရပ်ကွက်ကြီး၊ ပန်းတိမ်ရပ်ကွက်အတွင်းကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
အဆိုပါ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး ကွင်းဆင်းစစ်ဆေးရာတွင် ရမည်းသင်းမြို့နယ် မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး သက်ကိုကိုနှင့် တပ်ဖွဲ့ဝင်(၃)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)