ဘုတ်ပြင်းမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊အမျိုးသမီးဘောလုံး(ဂိုးလတ်)ပြိုင်ပွဲ ကျင်းပ

ဘုတ်ပြင်း ဇန်နဝါရီ ၂၂     

ကျောင်းသား/ကျောင်းသူများ ကာယ၊ဉာဏ၊စာရိတ္တ ဘက်စုံဖွံ့ဖြိုးကျန်းမာသန်စွမ်းသည့် အနာဂတ်မျိုးဆက်သစ်များပေါ်ထွက်လာစေရန်၊ မြို့နယ်အားကစားအဆင့်အတန်းမြင့်မားလာစေရေး အထောက်အကူဖြစ်စေရန်၊ အားကစားကဏ္ဍကို စိတ်ပါဝင်စားလာ‌စေရန်၊ မိမိကျောင်း၊ မြို့နယ်၊ နိုင်ငံဂုဏ်ဆောင် ထူးချွန်ထက်မြက်သော အားကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးဘောလုံး(ဖူဆယ်)ပြိုင်ပွဲကို ယမန်နေ့ ညနေက မြို့မအားကစားကွင်းတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အမျိုးသားပြိုင်ပွဲဝင်အသင်း(၈)သင်းဖြင့် အုပ်စု(၂)စုခွဲ၍လည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲဝင်အသင်း(၅)သင်းဖြင့် အုပ်စု(၂)ခွဲ၍လည်းကောင်း၊ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အုပ်စုတွင်း ပြိုင်ပွဲယှဉ်ပြိုင်ကစားကြသည့် အမျိုးသားပွဲစဉ်(၁) မူလွန်-ကျွေးချောင်းအသင်းနှင့် မူလွန်-အောင်မင်္ဂလာအသင်း၊ ပွဲစဉ်(၂) အ.လ.က(ခွဲ)ချောင်းတာစူးအသင်းနှင့် အ.ထ.က-ဘုတ်ပြင်းအသင်းနှင့် အမျိုးသမီးပွဲစဉ်(၃)အ.လ.က-ခဲမိုင်းအသင်းနှင့် အ.လ.က(ခွဲ)ချောင်းတာစူးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ အားကစားနှင့်အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး ဗိုလ်လုပွဲနှင့် ဆုပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဘုတ်ပြင်း(ပြန်/ဆက်)