ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျနေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု

ရွှေတောင် ဇူလိုင် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရွှေဟင်္သာကျေးရွာအုပ်စု၊ ရွှေဟင်္သာကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျနေမှု အခြေအနေနှင့် မြစ်ကမ်းပါးနှင့်နီးကပ်လျက်ရှိသည့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ ကျေးလက်ကျန်းမာရေးဆေးပေးခန်းနှင့် လူနေအိမ်များ ယာယီပြောင်းရွှေ့နေထိုင်နိုင်ရေးတို့အတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ရေမြစ်ဖြိုးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးတို့ လိုက်ပါကွင်းဆင်းကြည်ရှုခဲ့သည်။

လူနေအိမ်များ ယာယီပြောင်းရွှေ့နေထိုင်နိုင်ရေးတို့အတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ မှာကြားဆောင်ရွက်ခဲ့မှုအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ ဆက်)