သတင်းများ

မြောင်းမြမြို့တွင် အသက် (၁) နှစ်မှ (၅) နှစ်အရွယ်ကလေးငယ်များကို (Big Cath-Up) နည်းဖြင့်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း အသိပေးရှင်းလင်းပွဲကျင်းပ
Jan 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အသက် (၁) နှစ်မှ (၅) နှစ်အရွယ်ကလေးငယ်များကို (Big Cath-Up) နည်းဖြင့်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း အသိပေးရှင်းလင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တပ်ကုန်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည်သင်တန်းဖွင့်
Jan 20,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ်အတွင်း ဖွင့်လှစ်သင်ကြားပေးသည့်  အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်  ၉ နာရီခွဲက ရှောက်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့နယ် ကုန်းကြီးကျေးရွာတွင် စိုက်ပျိုးထားသော ကြက်သွန်နီမျိုးစေ့ပန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jan 20,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊‌ ကျောက်ဆည်မြို့နယ် ကုန်းကြီးကျေးရွာ တောင်သူ ဦးတင်လင်း စိုက်ပျိုးထားသော ကြက်သွန်နီမျိုးစေ့ (ကြက်သွန်ပန်း) စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ် ဆောင်ကျဲကျေးရွာတွင် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း ရာနှုန်းပြည့်ပြီးစီး
Jan 20,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဝမ်နားကျေးရွာအုပ်စု ဆောင်ကျဲကျေးရွာတွင် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စု‌ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးရွာနေပြည်သူပူး‌ပေါင်းပါ၍ ဆောင်ရွက်ခဲ့ရာ လမ်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
မိုင်းယုမြို့၌ ဆောင်းသီးနှံငရုတ်များ တစ်ကီလိုလျှင် ကျပ် ၅၀၀၀(တရုတ်ယွမ် ၇ ယွမ်) ကျော်ခန့် ဈေးကောင်းရရှိ
Jan 20,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် တောင်သူတို့ စိုက်ပျိုးထားသည့် ဆောင်းသီးနှံငရုတ်သီးများ စတင်ခူးဆွတ်ရောင်းချလျက်ရှိရာ ငရုတ်သီးအမှည့် တစ်ကီလိုလျှင် ကျပ် ၅၀၀၀(တရုတ်ယွမ် ၇ ယွမ်) ကျော်ခန့် ဈေးကောင်းရနေလျက်ရှိသည်။
မိုးနဲမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဟင်းသီးဟင်းရွက်ပင် ၉၃၇ ဧကစိုက်ပျိုးပြီး
Jan 20,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်ပင် ၉၃၇ ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် ပညာတန်ဆောင်စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jan 20,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပညာတန်ဆောင်ရုပ်ပြ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါမြို့နယ်ရှိ အ.လ.က (၂၁)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ​သည်။
သာစည်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တို့၌ နွေသီးနှံ ဝါနှင့် နှမ်းသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေး
Jan 20,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တွင်နွေသီးနှံ ဝါနှင့် နှမ်းပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ ခေါင်းဆောင်ဦးရွှေဇင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါပြီး သာစည်မြို့နယ် အောင်သာကျေးရွာနှင့် နှမ်းကန်ကျေးရွာတို့မှ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။