မြောင်းမြ ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အသက် (၁) နှစ်မှ (၅) နှစ်အရွယ်ကလေးငယ်များကို (Big Cath-Up) နည်းဖြင့်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း အသိပေးရှင်းလင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြောင်းမြမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ ဒေါက်တာလှလှဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြောင်းမြခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာမင်းကျော်သူအောင်က ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းနှင့် အသက် (၁) နှစ်မှ (၅) နှစ်အရွယ်ကလေးငယ်များကို (Big Cath-Up) နည်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့် (၁) ဒေါ်လှရီက မေးလေ့မေးထရှိသည့်းမေးခွန်းများအား စုစည်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို မြောင်းမြခရိုင် ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြောင်းမြမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)