သတင်းများ

လပွတ္တာမြို့၌ Big Catch-Up အမှီလိုက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Jan 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်ပြည်သူ့ဆေးရုံဟောင်း၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က Big Catch-Up အမှီလိုက်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Jan 20,2025
ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အသက်(၅)နှစ်အောက်ရှိပြီး ကာကွယ်ဆေးလုံးဝ(သို့မဟုတ်) အကြိမ်ပြည့်မရသော ကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးပွဲအား ယမန်နေ့နံနက် (၉)နာရီအချိန်ခန့်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ(မထီစံပြ)တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ ကွင်းဆင်း
Jan 20,2025
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာများအပြင် ပြင်ပစာပေကောင်းများ ဖတ်ရှု့လေ့လာသိရှိခြင်းဖြင့် အသိပညာဗဟုသုတများတိုးတက်ပြီး ဗလငါးတန်ပြည့်စုံကြွယ်ဝသည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) ခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်းခွဲ(မထီစံပြ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရေကြည်မြို့နယ်တွင် Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အသိပညာပေး ဆွေး‌နွေးပွဲအခမ်းအနားကျင်းပ
Jan 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယမန်နေ့နံနက်(၉)နာရီအချိန်က Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အသိပညာပေးဆွေး‌နွေးပွဲနှင့် လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။
လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာန၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များကို Catch-UP နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းအစီအစဉ် ဆောင်ရွက်
Jan 20,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပေါ်နှင့် ကျေးရွာများရှိ အသက်(၁)နှစ်မှ (၅)နှစ်အတွင်းရှိ ကလေးငယ်များကို Catch-UP နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်း အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာတွင် စာကြည့်တိုက်အဆောက်အဦသစ် ၆၅ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီး
Jan 20,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် ဆောက်လုပ်ခဲ့သည့် စာကြည့်တိုက်အဆောက်အဦသစ်ကို သက်ဆိုင်ရာတာဝန်ရှိများက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းမင်္ဂလာအချိန်တွင် ပန္နက်တင်ပေးခဲ့ပြီး စတင်ဆောက်လုပ်ခဲ့ရာ ယနေ့နံနက်ပိုင်းထိ ၆၅ ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
စလင်းမြို့နယ် မြို့မစျေးအတွင်း မီးဘေးလုံခြုံရေး တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး ကြပ်မတ်ဆောင်ရွက်
Jan 20,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် စလင်းမြို့မစျေးကြီးနှင့် ဆင်ဖြူကျွန်း မြို့မစည်ပင်သာယာစျေးကြီးတို့အား ပွင့်လင်းရာသီဖြစ်သည်နှင့်အညီ စျေးများအတွင်းရှိ စျေးဆိုင်ခန်းများ မီးဘေးလုံခြုံရေးအတွက် ယမန်နေ့ည(၆)နာရီခွဲအချိန်က မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့များမှ စျေးအတွင်းအပြင် လုံခြုံစိတ်ချမှုရှိစေရန် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ၌ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Jan 20,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ကျေးရွာနေပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ ယမန်နေ့က ကုန်းဇောင်းကျေးရွာသို့ သွားရောက်ပြီး ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။