မိုးနဲ ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဝမ်နားကျေးရွာအုပ်စု ဆောင်ကျဲကျေးရွာတွင် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စု ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးရွာနေပြည်သူပူးပေါင်းပါ၍ ဆောင်ရွက်ခဲ့ရာ လမ်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ် ၁၅ သန်းနှင့် ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် ၆ သန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းအရှည် ၆၄၀ ပေ၊ အကျယ် ၁၂ ပေနှင့် ထု ၆ လက်မကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်၍ ကျေးရွာနေပြည်သူများကိုယ်တိုင် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းအားလုံးရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ ထို့သို့ ပြီးစီးသွားပြီဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ပြီး လမ်းကြံ့ခိုင်မှုရှိရေးနှင့် ရည်ရှည်အသုံးပြုနိုင်ရေး ကျေးရွာနေပြည်သူများအနေဖြင့် ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)