သတင်းများ

သာယာဝတီမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးရန် ကြိုတင်လုပ်ငန်းများ ဆောင်ရွက်
Jun 07,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးရန် ယနေ့နံနက်ပိုင်းက ကြိုတင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်
Jun 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Women Clubနှင့် Youth Club အသင်းတို့ပူးပေါင်း၍ စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားထားသော “ပန်းလိုချင်အပင်ပျိုးတတ်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို
ညောင်ဦးမြို့နယ် တက်မရေနံမှော်၌ ရေနံတွင်းနှင့်ရေနံပေပါများ မီးလောင်မှုဖြစ်ပွား
Jun 07,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဘီလေးကျေးရွာအုပ်စု၊ တက်မရေနံမြေတွင် ယမန်နေ့ညနေ ၄ နာရီအချိန်ခန့်ရေနံ တွင်း မီးလောင်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ညောင်ဦးမြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံမှ သိရသည်။
မိုင်းခုတ်မြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်ထိ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ပထမအကြိမ်)ဆက်လက်ထိုးနှံပေး
Jun 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု လွမ်းခြုံမှုရှိစေရန် အသက်(၅) နှစ်မှ (၁၂)နှစ်ထိကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm (ပထမအကြိမ်)ထိုးနှံပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသထွက်ကုန်များ လွယ်ကူလျင်မြန်စွာသယ်ယူနိုင်ရေး ကျောက်ဆည်-တံတားဦးမြို့ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသည့် မြောင်းဦးကျေးရွာလမ်းအား ဂျင်းကျောက်လမ်းအဖြစ် အဆင့်မြှင့်တင်ပေး
Jun 07,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေးအတွက် ကျေးလက်လမ်းများ အဆင့်မြှင့်တင်ခြင်း၊ တံတားများတည်ဆောက်ခြင်း/ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသထွက်ကုန်များလွယ်ကူလျင်မြန်စွာသယ်ယူ နိုင်ရေး ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်လမ်းနှင့်ဆက်သွယ်ထားသည့် မြောင်းဦးကျေးရွာလမ်းအား ဂျင်းကျောက်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်၌ နွေစပါးများ စိုက်ပျိုးအောင်မြင် ရိတ်သိမ်း
Jun 07,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် နွေစပါးဧက ​၄၇၅၉ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ စိန်ရတနာ နာရေးကူညီမှုအသင်းသို့ အလှူရှင်များက အလှူငွေများ လာရောက်လှူဒါန်း
Jun 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်
မိုင်းလုံမြို့တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်‌ကျွေးထိုးနှံခြင်း ဆောင်ရွက်
Jun 07,2022
မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီအချိန်ခန့်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၊ တိုက်နယ်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။