နောင်ချို ဇွန် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Women Clubနှင့် Youth Club အသင်းတို့ပူးပေါင်း၍ စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားထားသော “ပန်းလိုချင်အပင်ပျိုးတတ်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ စာပေချစ်မြတ်နိုးသူများ Book Clubအသင်း ဥက္ကဋ္ဌ ဦးပေါင်ခန့်လန်၊ အတွင်းရေးမှူး ဦးမြို့ကျော်နှင့် Women Clubအဖွဲ့ဝင် ဒေါ်ရွှေဇင်ဦးတို့က ကြိုက်နှစ်သက်ရာ ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြရာ တက်ရောက်လာကြသော စာပေချစ်သူများက ၎င်းတို့ဖတ်ရှုထားသည့် အကြောင်း အရာများ၊ ထင်မြင်ယူဆချက်များကို မိမိတို့ဘဝနှင့်ယှဉ်၍ ရရှိထားသော အသိပညာများဖြင့်ပေါင်းစပ်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဖွဲ့စည်းထားသော (Club) အဖွဲ့များဖြင့်လည်းကောင်း၊ စာပေဝါသနာရှင် များဖြင့်လည်းကောင်း၊ ပညာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ လစဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)