သတင်းများ

နမ္မတူမြို့နယ်၌ အသက် (၁၅)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ်  (Sinovac) အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများ စတင်ထိုးနှံပေး
Jun 07,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်ကစတင်၍ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက် (၁၅)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် (Sinovac) အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ သိရသည်။
ကျေးရွာတောင်သူများ အကျိုးရှိစေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေး အသိပညာပေးဆွေးနွေး
Jun 07,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ သစ်ပတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေ တောင်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးကဏ္ဍများတွင် အကျိုးရှိစေရေး အသိပညာပေးဆွေးနွေးခြင်းကို ယနေ့ နံနက်(၉)နာရီ က ကျောက်တိုင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် မြို့နယ်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်၌ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ
Jun 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ယနေ့နံနက် ၉ နာရီ အချိန်က ငှက်ပျောတောစု၊ အခြေခံပညာမူလတန်းလွန်​ကျောင်းတွင် ပညာသင်ကြားနေသော အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား
တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကျင်းပ
Jun 07,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကြီးမှူး၍ တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီးဦးစီးဌာနမှူးရုံးတွင် ယနေ့နံနက် (၉)နာရီ တွင်ကျင်းပခဲ့သည်။
ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက်ရှိ “စိန်ပန်းခိုင်” စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမ အသင်း(လီမီတက်)၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပပြုလုပ်
Jun 07,2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက်ရှိ “စိန်ပန်းခိုင်” စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်း(လီမီတက်)၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လတာကာလအတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးတစ်ရပ်ကို ဇွန်(၆)ရက် နံနက်(၁၁)နာရီက ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက် “စိန်ပန်းခိုင်” သမဝါယမအသင်း(လီမီတက်)၏ စာရင်းကိုင် ဦးစောနွဲ့အောင်မြင့်နေအိမ်၌ ကျင်းပပြုလုပ်သည်။
တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်
Jun 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အပါအဝင် နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအား
ငါန်းဇွန်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂) နှစ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jun 07,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေး ထိုးကွင်းဆင်းအဖွဲ့များက ဇွန်လ ၃ ရက်နေ့မှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လယ်ဝေးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
Jun 07,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍