သာယာဝတီ ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် နွေစပါးဧက ၄၇၅၉ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေကြောင်း သိရသည်။
သာယာဝတီမြို့နယ်အတွင်း သုံးဆယ်ရေလှောင်တမံ၊ သဲကောဆည်၊ လက်ယာမြောင်း၊ လက်ဝဲမြောင်းသုံးဆယ်ချောင်းတို့မှ ရရှိသော စိုက်ပျိုးရေဖြင့် နွေစပါးဧက လေးထောင်ခုနစ်ရာ ၅၀ကျော်တို့မှ စပါးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နွေစပါးများ စတင်ရိတ်သိမ်းတော့မည် ဖြစ်သည်။
တောင်သူဦးကြီးများအနေဖြင့် နွေစပါးရိတ်သိမ်းပြီးပါက မိုးစပါးစိုက်ပျိုးရန် ပြင်ဆင်နေပြီဖြစ်ပြီး စိုက်ပျိုးမည့် စပါးမျိုးများကိုလည်း အဆင်သင့် ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
နွေစပါးအဖြစ် ရတနာတိုးစပါး၊ ရက်ကိုးဆယ်စပါး၊ ဆင်းသုခစပါး၊ GW-11 စပါးမျိုးများ စိုက်ပျိုးခဲ့ပြီး နွေစပါးစိုက်တောင်သူများ တစ်ဧကတင်း ၁၀၀ ကျော် အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး ဝန်ထမ်းများက ကွင်းဆင်း၍ စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန့်ဇော်