ရန်ကုန် ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက်ရှိကာ ယမန်နေ့က အလှူရှင်များက အသင်းရုံးသို့ အလှူငွေများ လာရောက်လှူဒါန်းခဲ့သည်။
အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများနှင့် သေဆုံးပြီးသူများအား အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းနှင့် တာဝန်ရှိသူများက ခေါ်ယူပို့ဆောင်ပေးလျက်ရှိရာ လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ကွယ်လွန်သူ(ဒေါ်မြဝယ်)အားရည်စူး၍ ကျန်ရစ်သူမိသားစုမှ အလှူငွေကျပ်(၃)သိန်း၊ ဦးစောအောင်(ခ)ဦးစိန်အောင်+ဒေါ်သန်းဝင်းမိသားစုမှ အလှူငွေကျပ်(၁)သိန်း၊ ဒေါ်ဌေးဌေး(၆၀)နှစ်ပြည့်မွေးနေ့အလှူအဖြစ် အလှူငွေကျပ်(၁)သိန်း၊ ကွယ်လွန်သူ(ဦးတင်ထွန်း)အားရည်စူး၍ ကျန်ရစ်သူမိသားစုမှ အလှူငွေကျပ်(၁)သိန်း၊ ကွယ်လွန်သူ(ဦးသိန်းလွင်)အားရည်စူး၍ ကျန်ရစ်သူမိသားစုမှ အလှူငွေကျပ်(၁)သိန်းတို့ကို အသီးသီးလာရောက်လှူဒါန်းရာ စိန်ရတနာ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်း၏ အောက်ဆီဂျင်စက်ရုံတွင် တစ်ရက်လီတာ(၄၀)အိုး အလုံး(၂၀၀)ခန့် ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်ရုံသစ်ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ(၂၃)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လိုအပ်နေသော ပြည်သူများ အသုံးပြုလျက်ရှိသည်။ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် ပုံမှန်လူမှုကူညီရေးလုပ်ငန်းများနှင့်အတူ ကိုဗစ် -၁၉ ရောဂါကာကွယ်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်များကို အရှိန်အဟုန်မြှင့် ပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)