ကျေးလက်ဒေသထွက်ကုန်များ လွယ်ကူလျင်မြန်စွာသယ်ယူနိုင်ရေး ကျောက်ဆည်-တံတားဦးမြို့ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသည့် မြောင်းဦးကျေးရွာလမ်းအား ဂျင်းကျောက်လမ်းအဖြစ် အဆင့်မြှင့်တင်ပေး

ကျောက်ဆည် ဇွန်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေးအတွက် ကျေးလက်လမ်းများ အဆင့်မြှင့်တင်ခြင်း၊ တံတားများတည်ဆောက်ခြင်း/ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသထွက်ကုန်များလွယ်ကူလျင်မြန်စွာသယ်ယူ နိုင်ရေး ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်လမ်းနှင့်ဆက်သွယ်ထားသည့် မြောင်းဦးကျေးရွာလမ်းအား ဂျင်းကျောက်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းအား ဂျင်းကျောက်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို မန္တလေးတို်င်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်သန်း (၄၆၉.၉၁၀)အကုန်အကျခံကာ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်းပြီးစီးရေး မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ယူပြီး လမ်းအရှည်(၀.၅)မိုင်၊ အ ကျယ်(၁၆)ပေ၊ ထု(၄)လက်မ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဂျင်းကျောက်ခင်းခြင်းလုပ်ငန်းများပြီးစီးသွားပါက အဆိုပါလမ်းအား အဓိကအသုံးပြုနေသော မြောင်းဦးကျေးရွာနှင့် မကျီးတန်းကျေးရွာမှ အိမ်ခြေ(၂၁၀)၊ လူဦးရေ(၁၃၁၉)ဦးတို့အပြင် ဒေသခံပြည်သူများအတွက် ဒေသထွက်ကုန်များ လွယ်ကူမြန်စွာသယ်ယူနိုင်တော့မည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာ ရေး၊ ပညာရေးကဏ္ဍစုံ ဖွံ့ဖြိးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)