သာယာဝတီ ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးရန် ယနေ့နံနက်ပိုင်းက ကြိုတင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် တောင်သူများအား စပါးအထွက်နှုန်းကောင်းမွန်စေဖို့ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များနှင့် လိုအပ်မည့် စိုက်ပျိုးရေး နည်းပညာ အကူအညီများလည်း အတက်နိုင်ဆုံး ဆောင်ရွက်ပေးသွားမည့်အပြင် တောင်သူဦးကြီးများဘက်မှ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အကြံပြုချက်များကို ပွင့်လင်းစွာနှင့် အချိန်မရွေးတင်ပြ ဆွေးနွေးနိုင်ပါကြောင်း ပြောကြားခဲ့သည်။ ယခုနှစ်တွင် သာယာဝတီမြို့နယ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးမည့် လယ်ဧကပေါင်း (၃၀၅)ဧကရှိကြောင်း သိရသည်။
သန့်ဇော်