သတင်းများ

လောင်းလုံးမြို့နယ်တွင် ကိုကိုးပင်များ စတင်စမ်းသပ်စိုက်ပျိုး
Jun 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် တောင်သူများကိုကိုးပင်ကို  ကွမ်းပင်ကြားတွင် ကြားညှပ်စိုက်ပျိုးခြင်းဖြင့် ကိုးသီးဝင်ငွေအပြင် အပိုဝင်ငွေအဖြစ်ရရှိစေရန် ကိုကိုးပင်များကို စတင်စမ်းသပ်စိုက်ပျိုးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က လောင်းလုံးမြို့၊ (က)ရပ်ကွက်နေ ဦးသီးညွှန့်ကွမ်းခြံ၌ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ပလောက်မြို့ လူထုအခြေပြုဗဟိုဌာန၌ ဝဥအကြောင်းအသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ
Jun 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ဝဥအကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်တွင်​ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ​ရောဂါကာကွယ်​ဆေး​ ထိုးနှံ​ပေး
Jun 07,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ယမန့်နေ့ နံနက် ၀၉:၀၀ နာရီအချိန်မှ ၁၀:၄၀ နာရီအချိန်ထိ ဒဂုံမြို့နယ်၊ ပြည်လမ်းအနောက်ရပ်ကွက်၊ သံတမန်လမ်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင်
လှိုင်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား / သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး
Jun 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ကျောင်းသား / သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား / သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ကို ဇွန် ၆ ရက်က အမှတ် (၁၆) ရပ်ကွက်၊ အ.မ.က.၆ ကျောင်း၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့၊ အ.ထ.က(ခွဲ)အထက် ပိုင်ကျုံကျောင်း၌ အသက်(၅)နှစ်နှင့်(၁၂)ကြား ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးပထမအကြိမ် ကွင်းဆင်းထိုးနှံ
Jun 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅နှစ်မှအသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှကင်းဝေးစေရန်နှင့်စိတ်‌‌အေး ချမ်းသာစွာပညာသင်ကြားနိုင်‌စေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းကပိုင်ကျုံမြို့၊ အမှတ် (၅)ရပ်ကွက်၊အ.ထ.က(ခွဲ)ကျောင်းတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Jun 07,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊(Community Centre )ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ကျောင်းသား၊ ကျောင်းသူများ ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
ငါ့သရောက်မြို့တွင် မိုးဦးကာလစတင်စိုက်ပျိုးထားသောနှမ်းများအောင်မြင်ဖြစ်ထွန်း
Jun 07,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့သည် စိုက်ပျိုးရေးလုပ်ငန်းကိုအဓိက လုပ်ကိုင်ကြပြီး မိုးစတင်ရွာလာသည်နှင့် တောင်ယာလုပ်ငန်းများ စတင်လုပ်ကိုင်လာကျပြီ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ပြောင်း၊ မိုးခရမ်ချဉ် စသည်တို့ကိုစိုက်ပျိုးလျက်ရှိ ကြောင်းသိရသည်။ ယခုအခါ သင်္ကြန်မတိုင်းမှီ မုန်တိုင်းနှင့်အတူ စတင်ရွာခဲ့သောမိုးသည် တောင်သူများအတွက် စိုက်ပျိုးရန်လုံလောက်သောအစိုဓာတ်ရရှိခဲ့၍ တောင်သူများဟာ နှမ်းများကိုစတင်စိုက်ပျိုးကြပြီး ယခုအခါနှမ်းများဟာ အထူးကောင်းမွန်လျက်ရှိကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး
Jun 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၁ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ်နှင့် အသက် ၁၁ နှစ်မှ ၁၂ အထိ ကျောင်းသား၊ ကျောင်းသူများကို Myancopharm ထိုးနှံခြင်းတို့ကို ယမန်နေ့ နံနက် ၉ နာရီခွဲက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။