သတင်းများ

ပေါက်ခေါင်းမြို့နယ်တွင် အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ဝါးလက်မှုပညာ သင်တန်းဆင်းပွဲပြုလုပ်
Jun 06,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများတွင် နေထိုင်သောပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍
ပတ်ဝန်းကျင်ဆိုင်ရာစီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်လာစေရေးအတွက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Jun 06,2022
ပြည်သူလူထုအတွင်း ပတ်ဝန်းကျင်ဆိုင်ရာအသိအမြင်များ တိုးပွားလာစေပြီး နေထိုင်မှုပုံစံနှင့် အတွေးအခေါ် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရေးအတွက် တစ်ခုတည်းသောကမ္ဘာမြေ ဆောင်ပုဒ်ဖြင့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက်နည်း သင်တန်းဖွင့်လှစ်
Jun 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူလူထု၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရန်နှင့် အသက်မွေး ဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်လျက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ​ လျှပ်စစ်သံဂဟေဆက်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီက မြို့နယ် ကျေးလက်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ်စံကွက် ဧက ၂၀၀ လျာထားစိုက်ပျိုးမည်
Jun 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးစပါး မျိုးစေ့ထုတ်စံပြကွက် ဧက ၂၀၀ လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နတ်မောက်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခမဲ့ အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jun 06,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန  (Community Centre)တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခမဲ့ အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အရာရှိစွမ်းရည်မြှင့် သင်တန်း(၂/၂၀၂၂)ဖွင့်ပွဲ တက်ရောက်
Jun 06,2022
ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့်အညီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ပေါက်မြောက် အောင်မြင်စေရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်နှင့် တစ်ဦးချင်းစွမ်းဆောင်ရည်များ တိုးတက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အရာရှိစွမ်းရည်မြှင့်သင်တန်း (၂/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သင်တန်းကျောင်း၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပွင့်ဖြူမြို့နယ်၌ ကျောင်းသားကျောင်းသူများကို ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jun 06,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ အတွင်းရှိ ကျောင်းသားကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးအဖွဲ့များခွဲပြီး ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။
လမိုင်းမြို့တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးများစတင်ထိုးနှံပေး
Jun 06,2022
မွန်ပြည်နယ်၊ လမိုင်းမြို့တွင် ကိုဗစ်၁၉-ရောဂါ ကာကွယ်ဆေးများ တစ်ကြိမ်တစ်ခါမျှ ထိုးနှံရခြင်းမရှိသေးသည့် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ယနေ့ နံနက်(၉)နာရီမှစတင်၍ အ-ထ-က ကျောင်း တေဇဆောင်ခန်းမတွင် ပထမနေ့အဖြစ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။