မိုးကုတ်မြို့ (Community Centre)ခန်းမ၌ ရှေးဦးသူနာပြုစုနည်း သင်တန်းဆင်းပွဲကျင်းပပြုလုပ်
Jun 06,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်များ နွေရာသီအားလပ်ရက်တွင် အချိန်ကို အကျိုးရှိအောင်အသုံးချတတ်စေရန်အတွက် မြို့နယ်ကြက်ခြေနီအသင်းနှင့်ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ(၃) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။