လပွတ္တာ ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူလူထု၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရန်နှင့် အသက်မွေး ဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်လျက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ လျှပ်စစ်သံဂဟေဆက်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီက မြို့နယ် ကျေးလက်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဟိန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား (၃၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ရက်ပေါင်း(၃၀) ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
လပွတ္တာခရိုင်ပြန်/ဆက်