နတ်မောက်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခမဲ့ အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နတ်မောက် ဇွန်  ၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန  (Community Centre)တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခမဲ့ အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/သူ ကလေးငယ်များ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းစည်းမျဉ်းစည်းကမ်းများကို တက်ရောက်လာကြသည့် သင်တန်းသား/သူများကို ရှင်းလင်းပြောကြားခဲ့သည်။

အသက်မွေးဝမ်းကြောင်းအထောက်အကူပြု အခမဲ့ ကွန်ပျူတာသင်တန်းကို သင်တန်းသား/သူ စုစုပေါင်း (၂၀)ဦး တက်ရောက်သင်ကြားကြပြီး၊ သင်တန်းတွင် သင်တန်းနည်းပြအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဒေါ်ဖြိုးအိအိဇော်က ကွန်ပျူတာအခြေခံဘာသာရပ်များဖြစ်သည့် Microsoft  word၊ Excel၊ Power Point စသည့်ဘာသာရပ်များကို  နေ့စဉ်နံနက်( ၉ ) နာရီမှ (၁၁)နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ဇွန်လ (၆)ရက်နေ့မှ ဇူလိုင်လ(၂၀)ရက်နေ့အထိဖြစ်ကြောင်းသိရသည်။

လှဝင်း ( ပြန်/ဆက်)