လမိုင်း ဇွန် ၆
မွန်ပြည်နယ်၊ လမိုင်းမြို့တွင် ကိုဗစ်၁၉-ရောဂါ ကာကွယ်ဆေးများ တစ်ကြိမ်တစ်ခါမျှ ထိုးနှံရခြင်းမရှိသေးသည့် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ယနေ့ နံနက်(၉)နာရီမှစတင်၍ အ-ထ-က ကျောင်း တေဇဆောင်ခန်းမတွင် ပထမနေ့အဖြစ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လမိုင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးလျက်ရှိရာ နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သည့် အခြေခံပညာမူလတန်းအဆင့်တွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများသည်လည်း ဦးစားပေးအုပ်စုများတွင်ပါဝင်ကာ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိသဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသည့် အသက် (၅)နှစ်မှ (၁၂)နှစ်အထိရှိ ကျောင်းသား/သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းဖြစ်ပြီး လမိုင်းမြို့အတွင်းရှိ ကျန်ရှိနေသော ကျောင်းများမှ ကျောင်းသား/သူများကို သက်ဆိုင်ရာ ကျောင်းများအလိုက် ကျန်းမာရေး၀န်ထမ်းများက ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြူဖြူအေး (ပြန်/ဆက်)