ပင်းတယ ဇွန် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၂၀) ရှိပြီး ကျောင်းသားဦးရေ (၁၂၀၀၀) ကျော် တက်ရောက်ပညာ သင်ကြားလျက်ရှိသည်။ ကျောင်းသူ/ ကျောင်းသားများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးဒေသအတွင်း တာဝန်ရှိဌာနဆိုင်ရာများ ပူးပေါင်းပါဝင်၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းဆောင်ရွက် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ကျောင်းများစတင်ဖွင့်လှစ်သည့် ဇွန်လ ၂ ရက်နေ့မှ ဇွန် ၈ ရက်နေ့အထိ ကျောင်းသား/ ကျောင်းသူဦးရေ (၁၈၂၄) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီး၊ ဆက်လက်၍ နေ့စဉ်သတ်မှတ်ရက်များအလိုက် ဆေးထိုးရန် ကျန်ရှိနေသည့် ကျောင်းသား/ ကျောင်းသူကိုလည်း ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထိအား Sinopharm ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကိုလည်းကောင်း၊ အသက် ၁၂ နှစ်မှ ၁၈နှစ်အထိ ကိုဗစ်ကာကွယ်ဆေးမထိုးနှံရသေးသူများအား Myncopharm အမျိုးအစားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုလည်းကောင်း ထိုးနှံပေးလျက်ရှိသည်။
ယင်းသို့ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ပင်းတယမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ လမ်းညွှန်မှု၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး၏ အနီးကပ်စီစဉ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူးပေါင်းကူညီ ပါဝင်ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။
အေးအေးလတ်