ရေးမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုး​ပေးနိုင်ခဲ့

ရေး ဇွန်

နိုင်ငံတစ်ဝှမ်းလုံး ကာကွယ်​ဆေးထိုးမှုများ လွှမ်းခြုံနိုင်​ရေးအတွက် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် ကိုဗစ် - ၁၉​ရောဂါကာကွယ်​ဆေး ( Sinopharm)ကို ဇွန်လ (၂) ရက်​နေ့မှ စတင်ထိုးနှံ​ပေးလျက်ရှိရာ ယမန်​နေ့ ည​နေပိုင်းထိ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ အ​ခြေခံပညာကျောင်းသားကျောင်းသူ (၂၀၃၀၉) ဦးအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုး​ပေးနိုင်ခဲ့​ကြောင်း သိရသည်။

အဆိုပါ ကိုဗစ် - ၁၉ ​ရောဂါကာကွယ်​ဆေးကို မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ကျန်းမာ​ရေးဝန်းထမ်းများမှ သတ်မှတ်​နေ့ရက်အလိုက် အ​ခြေခံပညာ​ကျောင်းများသို့ ကာကွယ်​ဆေးများ သွား​ရောက်ထိုးနှံ​ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်​​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုငရာများမှလည်း လိုအပ်သည်များကို ပူး​ပေါင်း ကူညီ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

ရေး (ပြန်/ဆက်)