သာယာဝတီ ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် အထက်တန်းရှေ့နေ(အငြိမ်းစား) ဦးတင်အေးကျော်က မူးယစ်ဆေးဝါး အန္တရာယ်အခန်းကဏ္ဍ၊ မူးယစ်ဆေးသုံးစွဲလျှင်ဖြစ်တတ်သော အန္တရာယ်လက္ခဏာများနှင့် ဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲသူများတွင် တွေ့ရတတ်သည့် အမူအကျင့်၊ အလေ့အထများ၊ မူးယစ်ဆေးသုံးစွဲသူအား ပြုလုပ်ပေးသင့်သည့် အကြောင်းအရာများ၊ မူးယစ်ဆေးဝါး ရောင်းချပါက အရေးယူနိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးကို ရောင်းဝယ်/ သယ်ဆောင်တဲ့နေရာမှာ ကလေးသူငယ်ကို အသုံးချရ/အသုံးပြုသူများအား အရေးယူနိုင်သည့် ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး ဆိုင်ရာလုပ်ငန်းအဆင့်ဆင့်ကို ဟောပြောခဲ့သည်။
အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးခိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများ၊ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
သန့်ဇော်