ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

ကလိန်အောင်   ဇွန်  ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင်၂၀၂၂ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင်ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်ခန့်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ၊ ကာယ ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊‌ ရည်ရွယ်၍ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ခင်ခင်လဲ့ကကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်၊ စာဖတ်ပရိသတ်များတိုးပွား လာစေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့်ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ အထိမ်းအမှတ်‌နေ့များကိုသိရှိစေရန်၊ ကျောင်းသား‌၊ ကျောင်းသူများစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာကြည့်တိုက်အား အကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်အတွက် စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်များကိုရှင်းလင်းပြောပြခဲ့ပြီး ပြိုင်ပွဲကို အ-ထ-က၊ ကလိန်အောင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီးအကောင်းဆုံးပါဝင် ယှဉ်ပြိုင်နိုင်သူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့(ပြန်/ဆက်)