သာယာဝတီမြို့နယ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ

သာယာဝတီ ဇွန် ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စာရေးဆရာအသင်း၏ မြန်မာနိုင်ငံ စာရေးဆရာအသင်း တတိယအကြိမ် ညီလာခံအတွေ့အကြုံ ရှင်းလင်းပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် သာယာဝတီမြို့နယ်စာရေး ဆရာအသင်း အတွင်းရေးမှူး  မိုးသဲအောင်(ပန်း​မြေ)က ညီလာခံအတွေ့အကြုံများကို ရှင်းလင်းတင်ပြရာတွင် တတိယအကြိမ်ညီလာခံကို မေ ၂၁ နှင့် ၂၂ ရက်တွင် ကျင်းပခဲ့ကြောင်း၊ ဗဟိုကော်မတီဝင်အသစ်များလည်း ပြန်လည်ရွေးချယ်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးတွင် ယခင်က စာရေးဆရာ အသင်းမှာ ၁၉၇ ဦးသာရှိပြီး ယခုအခါ တိုးတက်လာသည့်အတွက် ၂၀၂ ဦးအထိ တိုးတက်လာကြောင်း၊ မြန်မာနိုင်ငံစာရေးဆရာ အသင်းအဖွဲ့ဝင်မှာ ၅၀၀၀ ကျော်ရှိလာကြောင်း၊ ရှေ့လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း၊ မြန်မာနိုင်ငံစာရေး ဆရာအသင်းအနေဖြင့် အသင်း၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် ၂၀၂၂ ခုနှစ် တတိယအကြိမ် ညီလာခံက ရွေးချယ်ပေးသော မြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟိုအမှုဆောင်ကော်မတီဝင် အသစ် ၃၁ ဦးဖြင့် ရွေးချယ်ခဲ့သည်များကို အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့​သည်။

အခမ်းအနားသို့ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း(ပန်းဒကာမောင်ထွန်း) နှင့်အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)